Ongo ဆိုတာ ဘာလဲ

Ongo ဆိုသည်မှာ ငွေသွင်းခြင်း၊ ငွေထုတ်ခြင်း၊ ဖုန်းဘေလ်ဖြည့်ခြင်း၊ ငွေလွှဲခြင်း၊ ဘေလ်ပေးဆောင်ခြင်းနှင့် ချေးငွေ ပြန်လည်ပေးသွင်းခြင်းများကို လုပ်ဆောင်ရန် လုံခြုံ လွယ်ကူ မြန်ဆန်သော ငွေကြေးဝန်ဆောင်မှုစနစ် ဖြစ်ပါသည်။ Ongo အကောင့်ဖွင့်ခြင်းနှင့် အတည်ပြုစစ်ဆေခြင်း လုပ်ဆောင်ပုံ အဆင့်ဆင့်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။


Install

Google Playstore သို့မဟုတ် ဤ website မှ Ongo e-Money App ကို ဒေါင်းလုတ်ရယူပြီး install လုပ်ပါ။

ကိုယ်ရေးမှတ်တမ်းဖြည့်စွက်ခြင်း

App မှ ပေးထားသော ဖောင်များကို ဖြည့်စွက်ပြီး အကောင့်ကို စာရင်းသွင်းပါ။

အတည်ပြုစစ်ဆေးခြင်း

နိုင်ငံသား မှတ်ပုံတင်ကဒ် (သို့မဟုတ်) Passport နှင့် နီးစပ်ရာ Ongo Agent ထံတွင် စာရင်းသွင်းထားသော အကောင့်ကို အတည်ပြုစစ်ဆေးပါ။

ဘေလ်ဆောင်ခြင်းနှင့် ငွေလက်ခံခြင်း

ငွေသွင်းခြင်း၊ ငွေထုတ်ခြင်း၊ ဖုန်းဘေလ်ဖြည့်ခြင်း၊ ငွေလွှဲခြင်း၊ ဘေလ်ပေးဆောင်ခြင်း နှင့် ချေးငွေ ပြန်လည်ပေးသွင်းခြင်းများကို Ongo App နှင့် စတင် လုပ်ဆောင်နိုင်ပြီဖြစ်ပါသည်။

Ongo အကောင့် စာရင်းသွင်း အတည်ပြု စစ်ဆေးပုံ

မှတ်ပုံတင် (သို့မဟုတ်) Passport နှင့် Ongo အကောင့် စာရင်းသွင်း အတည်ပြုပုံ အဆင့်ဆင့်ကို သိရှိရန် ဗီဒီယိုကိုကြည့်လိုက်ပါ။