Ongo ဆိုတာ ဘာလဲ

Ongo ဆိုသည်မှာ ငွေသွင်းခြင်း၊ ငွေထုတ်ခြင်း၊ ဖုန်းဘေလ်ဖြည့်ခြင်း၊ ငွေလွှဲခြင်း၊ ဘေလ်ပေးဆောင်ခြင်းနှင့် ချေးငွေ ပြန်လည်ပေးသွင်းခြင်းများကို လုပ်ဆောင်ရန် လုံခြုံ လွယ်ကူ မြန်ဆန်သော ငွေကြေးဝန်ဆောင်မှုစနစ် ဖြစ်ပါသည်။ Ongo အကောင့်ဖွင့်ခြင်းနှင့် အတည်ပြုစစ်ဆေခြင်း လုပ်ဆောင်ပုံ အဆင့်ဆင့်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။




FAQs

Getting started

Ongo Mobile Money ဖြင့်မည်သည့်လုပ်ဆောင်မှုများ ပြုလုပ်နိုင်သနည်း။

  • ငွေသွင်း/ငွေထုတ်
  • ဖုန်းငွေဖြည့်သွင်းခြင်း
  • မိသားစု/သူငယ်ချင်းများထံငွေလွှဲခြင်း
  • ၀န်ထမ်းများလစာလက်ခံနိုင်ခြင်း
  • Ongo ၏ Business Partner များနှင့် Online ငွေပေးချေမှုပြုလုပ်နိုင်ခြင်း
  • လျှပ်စစ်မီတာခွန်၊ ရေမီတာခွန်၊ ဖုန်းခွန် အစရှိသည်တို့ကို ပေးဆောင်နိုင်ခြင်း

Ongo Mobile Money ကို မည်ကဲ့သို့ မှတ်ပုံတင်နိင်မည်နည်း။

  • အမည်၊ မိုဘိုင်းဖုန်းနံပါတ်နှင့် ကိုယ်ပိုင်လျှို့ဝှက်ဂဏန်း၆လုံးကို ဖြည့်စွက်ရန်။
  • SMS မှတဆင့်ရရှိလာသော အတည်ပြုကုဒ်နံပါတ်ကိုဖြည့်စွက်ကာ ကိုယ်စားလှယ် ထံသို့  မိမိ၏မှတ်ပုံတင်ကိုပြသ၍ အချက်အလက်များကိုဖြည့်စွက်ပြီးလျှင် စတင်အသုံးပြုနိင်ပါသည်။

Ongo အကောင့်တွင် အနည်းဆုံးထည့်သွင်းနိုင်သည့်ငွေပမာဏ မည်မျှနည်း။

  • ၁,၀၀၀ ကျပ်

Ongo Mobile Money App ကိုမည်ကဲ့သို့ရရှိနိင်သနည်း။

  • Ongo Mobile App ကို Google Play Store မှ Download လုပ်၍ရယူနိင်သကဲ့သို့ Ongo ၏ တရားဝင် Website www.ongo.com.mm (သို့) Ongo ၏ ကိုယ်စားလှယ်ဆိုင်များတွင်လည်း ရယူနိင်ပါသည်။

Ongo Mobile Money အသုံးပြုရန်အတွက် ဘဏ်အကောင့်ရှိရန်လိုအပ်ပါသလား။

  • Ongo Mobile Money အသုံးပြုရန်အတွက် ဘဏ်အကောင့်ရှိရန်မလိုအပ်ပါ။

QR Code နှင့်အသုံးပြုပုံကို ရှင်းပြပါ။

  • QR Code ဆိုသည်မှာ သင်၏ Unique ID ဖြစ်ပြီး Ongo ၏ users နှင့် business တွင်ငွေကြေးဆောင်ရွက်မှုများအတွက် အသုံးပြုသည်။

About Services

Ongo Mobile Money ထံသို့ မည်ကဲ့သို့ ငွေသွင်းနိင်သနည်း။

  • မိမိနှင့်နီးစပ်ရာ ကိုယ်စားလှယ်ဆိုင်များတွင် အောက်ပါအတိုင်းပြုလုပ်နိင်သည်။
  • မိမိ၏ Ongo App တွင် ပမာဏကိုအတည်ပြုရန်။
  • ဂဏန်း၎လုံး PIN ကုဒ် (OTP) (သို့) QR ကုဒ်ကို ခေတ္တစောင့်ဆိုင်းပြီး ထို PIN ကုဒ် (သို့) QR ကုဒ်ကို Agent ထံသို့ပေးပြီးလျှင် ကိုယ်စားလှယ်ထံသို့ ငွေသွင်းပြီးပါက ငွေသွင်းခြင်းပြီးမြောက်ပါမည်။

Ongo Mobile Money မှမည်ကဲ့သို့ ငွေထုတ်ရမည်နည်း။

  • နီးစပ်ရာ Ongo Cash Agent ကိုယ်စားလှယ်ဆိုင်များတွင် သင်၏ Ongo Mobile Money App မှထုတ်ယူလိုသော ငွေပမာဏကိုအတည်ပြုပြီး တစ်ခါသုံးဂဏန်း၎လုံး PIN ကုဒ်ကို ကိုယ်စားလှယ်ထံသို့ပေးပို့ရန်။
  • ထို့နောက် ကိုယ်စားလှယ်က သင့်ကို ငွေပေးအပ်မည်ဖြစ်သည်။

မိမိ၏မိသားစု (သို့) သူငယ်ချင်းများထံသို့ မည်ကဲ့သို့ငွေလွှဲနိုင်သနည်း။

  • Peer Transfer ၀န်ဆောင်မှုကိုအသုံးပြု၍ လက်ခံသူ၏ မိုဘိုင်းဖုန်းနံပါတ်နှင့်ငွေပမာဏကိုဖြည့်စွက်ရန်။
  • လက်ခံရရှိသူသည် ငွေလွှဲခြင်းနှင့်ပတ်သက်သည့် SMS ကိုလက်ခံရရှိမည်ဖြစ်သည်။

ငွေလွှဲပြီးပါက မည်မျှအကြာတွင် ငွေထုတ်ယူနိုင်သနည်း။

  • စက္ကန့်အတွင်း ချက်ချင်းထုတ်ယူနိုင်သည်။

ငွေလွှဲနိုင်တဲ့ပမာဏ ကန့်သတ်ထားပါသလား။

  • ကိုယ်ပိုင်အကောင့်ဖြစ်ပါက တစ်ကြိမ်လျှင်အများဆုံး ၅သိန်းဖြင့် တစ်ရက်လျှင် ၁၀သိန်းအထိလွှဲနိုင်ပါသည်။
  • တစ်နေ့လျှင် ၃ကြိမ်လွှဲနိုင်ပါသည်။
  • စီးပွားရေးလုပ်ငန်းသုံးအကောင့်ဖြစ်ပါက အကန့်အသတ်မရှိလွှဲနိုင်ပါသည်။

Ongo Mobile Money ကိုအသုံးပြု၍ Ongo Mobile Money ကိုအသုံးမပြုသူထံ ငွေလွှဲ၍ရနိုင်ပါသလား။

  • ရနိုင်ပါသည်။
  • Ongo Mobile Money ကိုအသုံးမပြုသူသည် SMS ဖြင့်အသိပေးခြင်းကိုရရှိမည်ဖြစ်သည်။
  • ငွေလက်ခံရရှိသူသည် Ongo Mobile Money App ကို Install လုပ်ရမည်ဖြစ်သည်။ (သို့) ကိုယ်စားလှယ် (Cash Agent) ၏အကူအညီကိုတောင်းခံပြီး Install လုပ်နိုင်သည်။
  • ထို့နောက်နီးစပ်ရာ Ongo ကိုယ်စားလှယ် (Cash Agent) ထံတွင်ငွေထုတ်ယူနိုင်သည်။

ဖုန်းနံပါတ်မှားလွှဲမိလျှင် မည်ကဲ့သို့ပြုလုပ်ရမည်နည်း။

  • ငွေလွှဲပြောင်းခြင်းပြုလုပ်ပြီးပါက ပြင်ဆင်ပြောင်းလဲမှုပြုလုပ်နိုင်မည် မဟုတ်ပါ။
  • မလွှဲပြောင်းခင် လွှဲပြောင်းမည့်ငွေပမာဏ၊ ငွေလက်ခံမည့် ဖုန်းနံပါတ် စသည့်အချက်များကို သေချာမှန်ကန်စွာ ထည့်သွင်းရမည်ဖြစ်ပါသည်။

About PIN

ကျွန်ုပ်၏ PIN ကို ဘယ်လိုပြောင်းလဲလို့ရနိုင်ပါသလဲ။

  • သင်၏အကောင့် Profile တွင် PIN ကိုလွယ်ကူစွာပြောင်းလဲနိုင်သည်။

PIN Number မေ့သွားလျှင် မည်သို့ပြုလုပ်ရမည်နည်း။

  • Ongo Customer Service သို့အကြောင်းကြား၍ သင်၏ PIN Number ကိုအသစ်ပြန်လည်ရယူနိုင်ပါသည်။

အကယ်၍ PIN နံပါတ် မှားယွင်းစွာထည့်သွင်းမိပါက မည်သို့ဖြစ်နိုင်သနည်း။

  • PIN နံပါတ် မှားယွင်းစွာထည့်သွင်းခြင်းကို ၃ခါအထိ ထည့်သွင်းနိုင်သည်။
  • ၃ခါထက်ပို၍ မှားယွင်းထည့်သွင်းမိပါက သင်၏အကောင့် ပိတ်သွားမည်ဖြစ်သည်။
  • သင်၏အကောင့် ပိတ်သွားပါက Ongo Customer Service @ ၀၉-၄၅၀၈၈၉၉၆ ~ ၉၉၇ သို့ဖုန်းဆက်အကြောင်းကြားရန်လိုအပ်ပါသည်။

General

အကယ်၍ ကျွှန်ုပ်၏ ဖုန်းနံပါတ်ကိုပြောင်းလဲပါက အကောင့်ကိုပါ ထိရောက်မှုရှိပါသလား။

  • Ongo ၏ Customer Service ထံသို့ သင်၏ဖုန်းနံပါတ်အသစ်ကို ဖုန်းခေါ်အကြောင်းကြားရမည်ဖြစ်သည်။
  • ထို့နောက် ဖုန်းနံပါတ်အသစ်နှင့် PIN ကို မှန်ကန်စွာဖြင့် စာရင်းလုပ်ရမည် ဖြစ်သည်။
  • အားလုံးပြီးဆုံးပါက သင့်ဖုန်းနံပါတ်အသစ်တွင် အတည်ပြုကုဒ် (Activation Code) ကိုလက်ခံရရှိမည်ဖြစ်သည်။

ဖုန်းပျောက်ဆုံးသွားပါက (သို့) အခိုးခံရပါက အကောင့်ထဲမှငွေများဆုံးရှုံးနိုင်ပါသလား။

  • သင်၏ငွေ မဆုံးရှုံးနိုင်ပါ။
  • Ongo Customer Service သိွုှ့အကြောင်းကြားပြီး သင်၏ အကောင့်ကို ယာယီပိတ်ထားစေနိုင်ပါသည်။

Ongo မှမည်ကဲ့သို့ ၀န်ဆောင်မှုများကို လုပ်ငန်းများအတွက်ဝန်ဆောင်မှုပေးနေသနည်း။

  • ငွေကောက်ခံခြင်းနှင့် ငွေပေးချေခြင်းများ။
  • အချိန်နှငိ့ တပြေးညီ ငွေပေးချေခြင်းဆိုင်ရာ အချက်အလက်များ။
  • Marketing ဆိုင်ရာ Data Driven နည်းပညာများ။

Ongo ကိုယ်စားလှယ် (Cash Agent) ဖြစ်ရန် မည်သည့်အရာများလိုအပ်ပါသနည်း။

  • အောက်ပါ ကိုယ်ရေးအချက်အလက်ပုံစံ (Application Form) ကိုဖြည့်စွက်ပြီး Ongo သို့ပေးပို့နိုင်ပါသည်။