faq

Ongo ဆိုသည်မှာ ဘယ်လိုမျိုးလဲ

Ongo ဆိုသည်မှာ လုံခြုံလွယ်ကူမြန်ဆန်သော ငွေကြေးဝန်ဆောင်မှုစနစ်ဖြစ်ပါသည်။




FAQs

Getting started

Ongo Mobile Money ဖြင့်မည်သည့်လုပ်ဆောင်မှုများ ပြုလုပ်နိုင်သနည်း။

  • ငွေသွင်း/ငွေထုတ်
  • ဖုန်းငွေဖြည့်သွင်းခြင်း
  • မိသားစု/သူငယ်ချင်းများထံငွေလွှဲခြင်း
  • ၀န်ထမ်းများလစာလက်ခံနိုင်ခြင်း
  • Ongo ၏ Business Partner များနှင့် Online ငွေပေးချေမှုပြုလုပ်နိုင်ခြင်း
  • လျှပ်စစ်မီတာခွန်၊ ရေမီတာခွန်၊ ဖုန်းခွန် အစရှိသည်တို့ကို ပေးဆောင်နိုင်ခြင်း

Ongo Mobile Money ကို မည်ကဲ့သို့ မှတ်ပုံတင်နိင်မည်နည်း။

  • အမည်၊ မိုဘိုင်းဖုန်းနံပါတ်နှင့် ကိုယ်ပိုင်လျှို့ဝှက်ဂဏန်း၆လုံးကို ဖြည့်စွက်ရန်။
  • SMS မှတဆင့်ရရှိလာသော အတည်ပြုကုဒ်နံပါတ်ကိုဖြည့်စွက်ကာ ကိုယ်စားလှယ် ထံသို့  မိမိ၏မှတ်ပုံတင်ကိုပြသ၍ အချက်အလက်များကိုဖြည့်စွက်ပြီးလျှင် စတင်အသုံးပြုနိင်ပါသည်။

Ongo အကောင့်တွင် အနည်းဆုံးထည့်သွင်းနိုင်သည့်ငွေပမာဏ မည်မျှနည်း။

  • ၁,၀၀၀ ကျပ်

Ongo Mobile Money App ကိုမည်ကဲ့သို့ရရှိနိင်သနည်း။

  • Ongo Mobile App ကို Google Play Store မှ Download လုပ်၍ရယူနိင်သကဲ့သို့ Ongo ၏ တရားဝင် Website www.ongo.com.mm (သို့) Ongo ၏ ကိုယ်စားလှယ်ဆိုင်များတွင်လည်း ရယူနိင်ပါသည်။

Ongo Mobile Money အသုံးပြုရန်အတွက် ဘဏ်အကောင့်ရှိရန်လိုအပ်ပါသလား။

  • Ongo Mobile Money အသုံးပြုရန်အတွက် ဘဏ်အကောင့်ရှိရန်မလိုအပ်ပါ။

QR Code နှင့်အသုံးပြုပုံကို ရှင်းပြပါ။

  • QR Code ဆိုသည်မှာ သင်၏ Unique ID ဖြစ်ပြီး Ongo ၏ users နှင့် business တွင်ငွေကြေးဆောင်ရွက်မှုများအတွက် အသုံးပြုသည်။

About Services

Ongo Mobile Money ထံသို့ မည်ကဲ့သို့ ငွေသွင်းနိင်သနည်း။

  • မိမိနှင့်နီးစပ်ရာ ကိုယ်စားလှယ်ဆိုင်များတွင် အောက်ပါအတိုင်းပြုလုပ်နိင်သည်။
  • မိမိ၏ Ongo App တွင် ပမာဏကိုအတည်ပြုရန်။
  • ဂဏန်း၎လုံး PIN ကုဒ် (OTP) (သို့) QR ကုဒ်ကို ခေတ္တစောင့်ဆိုင်းပြီး ထို PIN ကုဒ် (သို့) QR ကုဒ်ကို Agent ထံသို့ပေးပြီးလျှင် ကိုယ်စားလှယ်ထံသို့ ငွေသွင်းပြီးပါက ငွေသွင်းခြင်းပြီးမြောက်ပါမည်။

Ongo Mobile Money မှမည်ကဲ့သို့ ငွေထုတ်ရမည်နည်း။

  • နီးစပ်ရာ Ongo Cash Agent ကိုယ်စားလှယ်ဆိုင်များတွင် သင်၏ Ongo Mobile Money App မှထုတ်ယူလိုသော ငွေပမာဏကိုအတည်ပြုပြီး တစ်ခါသုံးဂဏန်း၎လုံး PIN ကုဒ်ကို ကိုယ်စားလှယ်ထံသို့ပေးပို့ရန်။
  • ထို့နောက် ကိုယ်စားလှယ်က သင့်ကို ငွေပေးအပ်မည်ဖြစ်သည်။

မိမိ၏မိသားစု (သို့) သူငယ်ချင်းများထံသို့ မည်ကဲ့သို့ငွေလွှဲနိုင်သနည်း။

  • Peer Transfer ၀န်ဆောင်မှုကိုအသုံးပြု၍ လက်ခံသူ၏ မိုဘိုင်းဖုန်းနံပါတ်နှင့်ငွေပမာဏကိုဖြည့်စွက်ရန်။
  • လက်ခံရရှိသူသည် ငွေလွှဲခြင်းနှင့်ပတ်သက်သည့် SMS ကိုလက်ခံရရှိမည်ဖြစ်သည်။

ငွေလွှဲပြီးပါက မည်မျှအကြာတွင် ငွေထုတ်ယူနိုင်သနည်း။

  • စက္ကန့်အတွင်း ချက်ချင်းထုတ်ယူနိုင်သည်။

ငွေလွှဲနိုင်တဲ့ပမာဏ ကန့်သတ်ထားပါသလား။

  • ကိုယ်ပိုင်အကောင့်ဖြစ်ပါက တစ်ကြိမ်လျှင်အများဆုံး ၅သိန်းဖြင့် တစ်ရက်လျှင် ၁၀သိန်းအထိလွှဲနိုင်ပါသည်။
  • တစ်နေ့လျှင် ၃ကြိမ်လွှဲနိုင်ပါသည်။
  • စီးပွားရေးလုပ်ငန်းသုံးအကောင့်ဖြစ်ပါက အကန့်အသတ်မရှိလွှဲနိုင်ပါသည်။

Ongo Mobile Money ကိုအသုံးပြု၍ Ongo Mobile Money ကိုအသုံးမပြုသူထံ ငွေလွှဲ၍ရနိုင်ပါသလား။

  • ရနိုင်ပါသည်။
  • Ongo Mobile Money ကိုအသုံးမပြုသူသည် SMS ဖြင့်အသိပေးခြင်းကိုရရှိမည်ဖြစ်သည်။
  • ငွေလက်ခံရရှိသူသည် Ongo Mobile Money App ကို Install လုပ်ရမည်ဖြစ်သည်။ (သို့) ကိုယ်စားလှယ် (Cash Agent) ၏အကူအညီကိုတောင်းခံပြီး Install လုပ်နိုင်သည်။
  • ထို့နောက်နီးစပ်ရာ Ongo ကိုယ်စားလှယ် (Cash Agent) ထံတွင်ငွေထုတ်ယူနိုင်သည်။

ဖုန်းနံပါတ်မှားလွှဲမိလျှင် မည်ကဲ့သို့ပြုလုပ်ရမည်နည်း။

  • ငွေလွှဲပြောင်းခြင်းပြုလုပ်ပြီးပါက ပြင်ဆင်ပြောင်းလဲမှုပြုလုပ်နိုင်မည် မဟုတ်ပါ။
  • မလွှဲပြောင်းခင် လွှဲပြောင်းမည့်ငွေပမာဏ၊ ငွေလက်ခံမည့် ဖုန်းနံပါတ် စသည့်အချက်များကို သေချာမှန်ကန်စွာ ထည့်သွင်းရမည်ဖြစ်ပါသည်။

About PIN

ကျွန်ုပ်၏ PIN ကို ဘယ်လိုပြောင်းလဲလို့ရနိုင်ပါသလဲ။

  • သင်၏အကောင့် Profile တွင် PIN ကိုလွယ်ကူစွာပြောင်းလဲနိုင်သည်။

PIN Number မေ့သွားလျှင် မည်သို့ပြုလုပ်ရမည်နည်း။

  • Ongo Customer Service သို့အကြောင်းကြား၍ သင်၏ PIN Number ကိုအသစ်ပြန်လည်ရယူနိုင်ပါသည်။

အကယ်၍ PIN နံပါတ် မှားယွင်းစွာထည့်သွင်းမိပါက မည်သို့ဖြစ်နိုင်သနည်း။

  • PIN နံပါတ် မှားယွင်းစွာထည့်သွင်းခြင်းကို ၃ခါအထိ ထည့်သွင်းနိုင်သည်။
  • ၃ခါထက်ပို၍ မှားယွင်းထည့်သွင်းမိပါက သင်၏အကောင့် ပိတ်သွားမည်ဖြစ်သည်။
  • သင်၏အကောင့် ပိတ်သွားပါက Ongo Customer Service @ ၀၉-၄၅၀၈၈၉၉၆ ~ ၉၉၇ သို့ဖုန်းဆက်အကြောင်းကြားရန်လိုအပ်ပါသည်။

General

အကယ်၍ ကျွှန်ုပ်၏ ဖုန်းနံပါတ်ကိုပြောင်းလဲပါက အကောင့်ကိုပါ ထိရောက်မှုရှိပါသလား။

  • Ongo ၏ Customer Service ထံသို့ သင်၏ဖုန်းနံပါတ်အသစ်ကို ဖုန်းခေါ်အကြောင်းကြားရမည်ဖြစ်သည်။
  • ထို့နောက် ဖုန်းနံပါတ်အသစ်နှင့် PIN ကို မှန်ကန်စွာဖြင့် စာရင်းလုပ်ရမည် ဖြစ်သည်။
  • အားလုံးပြီးဆုံးပါက သင့်ဖုန်းနံပါတ်အသစ်တွင် အတည်ပြုကုဒ် (Activation Code) ကိုလက်ခံရရှိမည်ဖြစ်သည်။

ဖုန်းပျောက်ဆုံးသွားပါက (သို့) အခိုးခံရပါက အကောင့်ထဲမှငွေများဆုံးရှုံးနိုင်ပါသလား။

  • သင်၏ငွေ မဆုံးရှုံးနိုင်ပါ။
  • Ongo Customer Service သိွုှ့အကြောင်းကြားပြီး သင်၏ အကောင့်ကို ယာယီပိတ်ထားစေနိုင်ပါသည်။

Ongo မှမည်ကဲ့သို့ ၀န်ဆောင်မှုများကို လုပ်ငန်းများအတွက်ဝန်ဆောင်မှုပေးနေသနည်း။

  • ငွေကောက်ခံခြင်းနှင့် ငွေပေးချေခြင်းများ။
  • အချိန်နှငိ့ တပြေးညီ ငွေပေးချေခြင်းဆိုင်ရာ အချက်အလက်များ။
  • Marketing ဆိုင်ရာ Data Driven နည်းပညာများ။

Ongo ကိုယ်စားလှယ် (Cash Agent) ဖြစ်ရန် မည်သည့်အရာများလိုအပ်ပါသနည်း။

  • အောက်ပါ ကိုယ်ရေးအချက်အလက်ပုံစံ (Application Form) ကိုဖြည့်စွက်ပြီး Ongo သို့ပေးပို့နိုင်ပါသည်။